31.12.20

Ef a Tale of Melodies

Ef a Tale of Melodies


 တေးသွားတို့ရဲ့ ဒဏ္ဍာရီ

~~~~~~~~~~~~~~~~

အမျိုးအစား - လျှို့ဝှက်​ဆန်းကြယ်​၊ သဘာဝလွန်​ဖြစ်​ရပ်​၊ ဒရာမာ၊ ရိုမန့်​၊ 

ရမှတ်​ - ၈မှတ်​ (MAL)

အပိုင်းအ​ရေအတွက်​ - ၁၂ပိုင်း

ကြာမြင့်​ချိန်​ - တစ်​ပိုင်း ၂၄မိနစ်


ဘာသာပြန်​ - Bohn Pyae Hthyn


အဖွင့်​သီချင်း - "Ebullient Future"

အပိတ်​သီချင်း - "Egao no Chikara" & "Negai no Kakera" & "Ebullient Future" & "Ever Forever"


စတူဒီယို - Shaft

ကန့်​သတ်​ချက်​ - အသက်​ ၁၃နှစ်​နှင့်​ အထက်

ဇာတ်​လမ်းအညွှန်း

~~~~~~~~~~~~~~~~~~~~~

"Ef a Tale of Melodies"က​တော့ "Ef a Tale of Memories"ရဲ့ ​နောက်​ပိုင်းကာလကို တင်ဆက်​ထားတယ်​လို့ ​ပြောရင်​မမှားပါဘူး။ "Melodies"စီးရီးမှာ​တော့ ပထမစီးရီး "Memories"မှာ အရံ​ဇာတ်​​ပို့​တွေအဖြစ်​ ပါဝင်ထားတဲ့ "ဟီမူရ"၊ "ယုကို"၊ "ကူဇဲ"၊ "မီဇုကီ"တို့ကို အဓိက​ဇာတ်​​ဆောင်​အဖြစ်​ထားပြီး တင်​ဆက်​ထားတာ ဖြစ်​ပါတယ်​။ "Tale of Melodies"ဆိုတဲ့အတိုင်း ဇာတ်​လမ်းတစ်​​လျှောက်​လုံး "ကူဇဲ"တီးခတ်​ခဲ့တဲ့ "A Moon Filled Sky"​တေးသွားဟာ ​နောက်​ခံ​တေးတစ်​ခုထက်​ပိုတဲ့ အခန်းကဏ္ဍမှာ ပါဝင်​​နေပါတယ်​။ "Memories"ထက်​ကို ပို​လေးနက်​ပြင်းထန်​တဲ့ ခံစားချက်​​တွေနဲ့ မ​မေ့နိုင်​စရာအမှတ်​တရ​တွေကို ကျွန်​​တော်​တို့ရင်​ထဲ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ပစ်​သွင်းမယ့်​ စီးရီးရဲ့ဇာတ်​ရှိန်​အမြင့်​ဆုံး​သော အစိတ်​အပိုင်းဆိုလည်း မမှားပါဘူး။ ဇာတ်​လမ်းက ဇာတ်​နာသလို၊ ဝမ်းနည်းဖို့​လည်း​ကောင်းတဲ့အတွက်​ စိတ်​နုတဲ့သူ​တွေ ကြည့်​ဖို့ကို အားမ​ပေးလိုပါဘူး။


- ချက်​စ်​​ကျောင်းမှာ အမြဲလိုလို ရှိ​နေတတ်​တဲ့ "ဟီမူရ"ရဲ့ ​နောက်​​ကြောင်း

- ပ​ဟေဋ္ဌိဆန်​ဆန်​ ​ပေါ်လာတတ်​၊ ​ပျောက်​ကွယ်​သွားတတ်​တဲ့ "ယုကို"ရဲ့ တည်​ရှိမှုအစစ်​အမှန်

- ​ကမ္ဘာ့အဆင့်​ တ​ယောပညာရှင်​ "ကူဇဲ"ရဲ့ ​တေးသွား​တွေကို ​နောက်​ထပ်​ မတီးခတ်​ဖြစ်​​တော့တဲ့ အ​ကြောင်းရင်း

- ​အမြဲလိုလို ပြုံးရယ်​​နေတတ်​ပြီး ​ပေါ့​ပေါ့ပါးပါး​နေတတ်​တဲ့ "မီဇုကီ"ရဲ့ ​နောက်​​ကြောင်း... စတာ​တွေရဲ့အ​ဖြေ​တွေကို ကြည့်​ရှုရမှာ ဖြစ်​ပါတယ်​။

Google Drive Links (1080p)

~~~~~~~~~~~~~~~~~~~~~~~~

အပိုင်း ၀၁

အပိုင်း ၀၂

အပိုင်း ၀၃

အပိုင်း ၀၄

အပိုင်း ၀၅

အပိုင်း ၀၆

အပိုင်း ၀၇

အပိုင်း ၀၈

အပိုင်း ၀၉

အပိုင်း ၁၀

အပိုင်း ၁၁

အပိုင်း ၁၂ (ပြီးဆုံး)


ဘာသာပြန်​ရာတွင်​ ချွတ်​ယွင်းချက်​ အားနည်းချက်​ တစ်​စုံတစ်​ရာရှိခဲ့ပါက ကျွန်​​တော့်​ရဲ့ လိုအပ်​ချက်​သာ ဖြစ်​ပါတယ်​။ 


#Hthyn