Ef a Tale of Memories
အမည် - မှတ်ဉာဏ်တို့ရဲ့ ဒဏ္ဍာရီ
အမျိုးအစား - လျှို့ဝှက်ဆန်းကြယ်၊ သဘာဝလွန်ဖြစ်ရပ်၊ ဒရာမာ၊ ရိုမန့်၊
ရမှတ် - ၈မှတ် (MAL)
အပိုင်းအရေအတွက် - ၁၂ပိုင်း
ကြာမြင့်ချိန် - တစ်ပိုင်း ၂၄မိနစ်
ဘာသာပြန် - Bohn Pyae Hthyn
အန်ကုတ်ဒါ - Ryuki
အဖွင့်သီချင်း - "Euphoric Field"
အပိတ်သီချင်း - "I'm here" & "Euphoric Field" & "Kizamu Kisetsu" & "Sora no Yume" & "Yūkyū no Tsubasa 07mix"
စတူဒီယို - Shaft
ကန့်သတ်ချက် - အသက် ၁၃နှစ်နှင့် အထက်
ဇာတ်လမ်းအညွှန်း
~~~~~~~~~~~~~~~~~~
"Ef a Tale of Memories" နဲ့ "Ef a Tale of Melodies"တို့ဟာ "Visual Novel"အဖြစ်ကနေ "Anime Serie"အဖြစ် အသက်သွင်းခဲ့တဲ့ စီးရီးတွေဖြစ်ပြီးတော့ MAL ရမှတ် ၈မှတ်၊ Imdbရမှတ် ၇.၅မှတ်ရထားတဲ့ ကောင်းပေမဲ့ လူသိနည်းတဲ့ စီးရီးတွေဆိုလည်း ဟုတ်ပါတယ်။
"Ef a Tale of Memories"ဟာ "ရင်းဂျီ"၊ "ဟီရိုနို"၊ "ချီဟီရို"၊ "ခဲ"၊ "မီယကို"စတဲ့ ဇာတ်ကောင်တွေကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်ကောင်တွေတိုင်းဟာ တစ်နည်းနည်းနဲ့ ဆက်စပ်မှုတွေ ရှိကြပြီး ဇာတ်ကောင်တွေတိုင်းမှာ ဦးတည်ရာတွေနဲ့ တိကျတဲ့ရည်မှန်းချက်တွေလည်း ရှိကြပါတယ်။
- ဘဝရဲ့ရည်မှန်းချက်ကို ရှာဖွေနေတဲ့ "ရင်းဂျီ"
- အောင်မြင်တဲ့ မန်းဂဆရာဖြစ်ဖို့ ကြိုးပမ်းနေတဲ့ "ဟီရိုနို"
- စာအုပ်ကလေးကို ပေါင်ပေါ်တင် အမြဲတမ်း ကောင်းကင်ကို မော့ကြည့်နေတတ်တဲ့ ပဟေဋ္ဌိဆန်ဆန်ကောင်မလေး "ချီဟီရို"
- "ဟီရိုနို"ရဲ့ ငယ်သူငယ်ချင်းတစ်ဖြစ်လည်း အားကစားထူးချွန်တဲ့ "ခဲ"
- ပေါ့ပျက်ပျက်နေတတ်တဲ့ စရိုက်ရှိပြီး နားလည်ရ ခက်လှတဲ့ "မီယကို"... စတဲ့ ဇာတ်ကောင်တွေကြားထဲက ကြည်နူးဖွယ်၊ နာကျင်ဖွယ် ပတ်သက်မှု၊ အဖြစ်အပျက်တွေကို "Tale of Memories"ဆိုတဲ့အတိုင်း အမှတ်တရကျန်ရစ်အောင် ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
Google Drive Links (1080p)
~~~~~~~~~~~~~~~~~~~~~~~~~
ဘာသာပြန်ရာတွင် ချွတ်ယွင်းချက် အားနည်းချက် တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။
#Hthyn