Omae Umasou da na (Movie)
~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂလိပ်နာမည် - You are Umasou
အမျိုးအစား - အက်ရှင်၊ စွန့်စားခန်း၊ ကလေးကြည့်၊ စိတ်ကူးယဉ်
ရမှတ် - ၈မှတ် (MAL)
ကြာမြင့်ချိန် - ၁နာရီ မိနစ် ၃၀
ဘာသာပြန်သူ - Bohn Pyae Hthyn
အန်ကုတ်ဒါ -Ryuki
အဖွင့်သီချင်း - မရှိ
အပိတ်သီချင်း - Kimi to Iru Jikan no Naka de
စတူဒီယို - Ajia-Do
ကန့်သတ်ချက် - အသက်အရွယ်မရွေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇာတ်လမ်းအညွှန်း
~~~~~~~~~~~~~~~~~
အပင်စားဒိုင်နိုဆော အမေကနေ မွေးစားပြီး ပျိုးထောင်ပေးခဲ့တဲ့ အိမ်ပြေး အသားစားဒိုင်နိုဆော "ဟတ်တ်"...
လမ်းမှာတွေ့တဲ့ ဥက ပေါက်ဖွားလာခဲ့တဲ့ အပင်စားဒိုင်နိုဆောကလေးကို စားဖို့ ကြံစည်ခဲ့ပေမဲ့ ကလေးရဲ့ "အဖေ"လို့ အထင်လွဲခြင်းကို ခံလိုက်ရတဲ့ သူ...
ကလေးကို ကြီးလာမှစားမယ်ဆိုတဲ့အကြံနဲ့ မွေးစားထားပေမဲ့ တစ်စစနဲ့ သံယောဇဉ်တွယ်လာတဲ့အခါ...
"ဟတ်တ်"တစ်ယောက် အပင်စားဒိုင်နိုဆောလေးကို စားရက်နိုင်ပါ့မလား...
အသားစားမျိုးနွယ် ဒိုင်နိုဆောနဲ့ အပင်စားမျိုးနွယ် ဒိုင်နိုဆောလေးတို့အကြားက မိဘနဲ့ သားသမီး ဆက်ဆံရေးဟာ ရေရှည်တည်မြဲနိုင်ပါ့မလား....
ပင်ကိုယ်စရိုက် သဘာဝကိုက မတူညီကွဲပြားတဲ့ သူတို့မိသားစုလေးကို ဘယ်လိုကံကြမ္မာဆိုးတွေက ဝင်ရိုက်ခတ်လာမှာလဲ...
"ဟတ်တ်"တစ်ယောက် သူ့ကို မွေးစားခဲ့တဲ့ အမေ့ဆီက ဘယ်လိုအကြောင်းကြောင်းတွေကြောင့် ထွက်ပြေးလာခဲ့တာလဲ...စတဲ့ အကြောင်းအရာတွေကို ၅၂၈ဆိုတဲ့ မိဘမေတ္တာတရားရဲ့ခေါင်းစဉ်အောက်မှာ လှလှပပနဲ့ ပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။
Download Link
~~~~~~~~~~~~~~~
ဘာသာပြန်ရာတွင် ချွတ်ယွင်းချက်အားနည်းချက်
တစ်စုံတစ်ရာရှိခဲ့ပါက ကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။
